ဉီးရေပြားအတွင်းပိုင်းထိစိမ့်ဝင်စေပြီဆံပင်ရှည်မြန်စေသောနည်းလမ်း( Onion Oil )

နှစ်လအတွင်းဆံပင်ထူလာအောင်လုပ်ကြပါစို့ဒီရက်ပိုင်းကိုယ်တိုင်ဆံသားကျွတ်လွယ်ပြတ်လွယ်တာမို့ဆံပင်နဲ့ပက်သတ်တဲ့နည်းတွေလိုက်လုပ်ဖြစ်တယ်အမှန်ဆိုငယ်ငယ်ကဆံပင်အုံထူလွန်းလို့ဆံပင်ဆိုင်သွားတိုင်းအမြဲပါးခိုင်းရတဲ့သူ

တစ်ယောက်ပါဒီရက်ပိုင်းမှာတော့ဆံပင်ကျွတ်တာခဏခဏဖြစ်လာတော့နည်းနည်းလန့်လာတယ်ကိုယ်တိုင်ခံစားမိတော့ကိုယ့်လိုဖြစ်နေတဲ့သူတွေအတွက်နည်းပေးချင်လာတယ်ဆံပင်နဲ့ပက်သတ်လို့အကောင်းဆုံးဆိုတဲ့နည်းတွေလိုက်ရှာ

ကြည့်တယ်ထောပတ်၊ဇီးဖြူ၊လက်ဖက်စိမ်း၊ကြံ၊လိမ္မော်၊သံပုရာ၊သံလွင်ဆီစသည်ဖြင့်နည်းပေါင်းစုံတွေ့တယ်အားလုံးထဲမှာအကောင်းဆုံးဆိုတဲ့နည်းတခုတော့တွေ့တယ်။အဲဒီနည်းကသိပ်မခက်ဘဲ ဆံသားကျုထူစပွေီးဆံပင်ပေါက်လွယ်လို့

ပြန်လည်ဖော်ပြလိုက်ပါတယ်ဒီနည်းမှာ ကြက်ဆူဆီက အရေးပါတယ်အရင်ဆုံးကြက်ဆူဆီထမင်းစားဇွန်း(၂)ဇွန်းကိုယူပြီးပျားရည်ထမင်းစားဇွန်း၁ဇွန်းနဲ့ ရောပါပြီးရင်အထဲကိုကြက်ဥနှစ်အဝါနှစ်တလုံးထည့်ပြီးသမအောင်မွှေပါအဆိုပါ

အရောကိုဆံပင်အရင်း(ဆံသားအခြေ)ကမွှေးညှင်းပေါက်တွေထဲဝင်အောင်ငါးမိနစ်ခန့်နှိပ်ပေးပါပြီးရင် တခေါင်းလုံးကိုသေချာပွတ်ပြီး အပေါ်ကhair capသို့ပလတ်စတစ်အကြည်တခုနဲ့အုပ်ပါအထက်ပါအတိုင်း လေးနာရီထားပါ

အားလုံးပြီးရင်ရှန်ပူခပ်ပျော့ပျော့နဲ့ထပ်လျှော်ပါဆံပင်လျှော်တဲ့အခါ လက်နဲ့အရမ်းဖိမလျှော်သင့်ဘူး၊ ရေနွေးမသုံးသင့်ဘူး ရေအေးသာသုံးပါဒီနည်းအတိုင်း တပတ်ကိုနှစ်ကြိမ်တိတိ လုပ်ပါနှစ်လအတွင်းဆံပင်ပါးတာ၊ ဆံပင်ကျွတ်တာ သိသိသာသာသက်သာပြီး သင့်ဆံပင်တွေထူလာလိမ့်မယ်လေးစားစွာဖြင့်ထိန်ဝင်း