Banana Hair Mask တစ်ကြိမ်လုပ်ရုံနဲ့တင်သင့်ဆံသားကိုစိုပြေပျော့အိလာစေမယ့်နည်း

ဆံပင်စဆိုးခါစမှာတော့ အရောင်လှလှလေးနဲ့ကိုယ့်အလှကိုယ် ငေးမဝဖြစ်မှာပါဒါပေမဲ့ဆံပင်ဆိုးပြီး နှစ်ပတ် သုံးပတ်အကြာမှာတော့ နဂိုရှိခဲ့တဲ့ဆံကေသာထက်သင့်ဆံသားက ခြောက်သွေ့ကြမ်းတမ်းသွားတတ်ပါတယ်ဒါကြောင့်

Hair Salon တွေက ဆံပင်အရောင်ဆိုးပြီးရင်ပုံမှန်ဆံပင် ပေါင်းတင်ထိန်းသိမ်းပေးဖို့လိုကြောင်း တိုက်တွန်းအကြံပေးကြတာပါတစ်ခါတလေ လှချင်လို့လုပ်မိတဲ့အရာတွေကကိုယ့်ငွေတွေကိုဆွဲယူနေသလိုပါပဲဆေးဆိုးတာမှာ တစ်ခါကုန်

တဲ့အပြင်ဆံပင်ထိန်းသိမ်းရတာမှာပါထပ်ကုန်နေတတ်ပါတယ်ဒီတစ်ခေါက်ပြောတဲ့Hair Mask ကတော့ဆိုင်မှာဆံပင်လုပ်တာလောက် ဈေးမများတဲ့အပြင် သဘာဝပစ္စည်းတွေမို့ သင်နဲ့သင့်တော်မှာပါ။ဖော်ပြပါHair Maskကို

သုံးပတ်နေတစ်ခါ ပြုလုပ်ရုံနဲ့တင်လုံလောက်ပါတယ်တစ်ကြိမ်လုပ်ရုံနဲ့တင်သိသာတဲ့ Result ပေးတာမို့သင်ကြိုးစားကြည့်သင့်ပါတယ်။Hair Maskအတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့ငှက်ပျောသီးတစ်လုံးငှက်ပျောသီးကသင့်ဆံကေ

သာကို တောက်ပြောင်စေပါတယ်ဒါ့အပြင် ဗောက်ထတာ သက်သာစေပါတယ်။ ငှက်ပျောသီးမှာဆံသားပျော့အိဖို့လိုအပ်တဲ့ဗီတာမင်များစွာပါဝင်ပါတယ်ဆံသားကို ခိုင်မာစေပြီး ဆံပင်အဖျားနှစ်ခွဖြစ်တာ သက်သာစေပါတယ်

သင်သုံးတဲ့ ငှက်ပျောသီးက အမှည့်ဖြစ်ရပါမယ်ကြက်ဥဒါမှမဟုတ်ဘဲဥတစ်လုံးကြက်ဥမှာပါဝင်တဲ့ဗီတာမင်အေဗီတာမင်အီး၊ Biotin နဲ့ Folateဓာတ်တွေကဆံသားရှည်ဖို့အဓိကလိုအပ်တာတွေဖြစ်ပါတယ်ကြက်ဥကသင့်ရဲခြောက်သွေ့သွား

တဲ့ဆံကေသာကို ပြန်လည်ကျန်းမာစေပါတယ်အုန်းဆီနှစ်ဇွန်းအုန်းဆီကဆံပင်အရှည်မြန်ဖို့ကူညီပေးတဲ့အပြင်ဦးရေပြားကိုအားဖြည့်ပေးပါတယ်အုန်းဆီက နေရောင်ခြည်Ray တွေကိုကာကွယ်ပေးပါတယ်ဆံပင်ကိုပြောင်ပြောင်
လင်းလင်းလေး ဖြစ်စေပါတယ်ပျားရည်တစ်ဇွန်းတချို့ဆံပင်စိုစိုပြောင်ပြောင်လေး ဖြစ်နေတဲ့ မိန်းကလေးတွေကို မြင်ဖူးမှာပါဒီလိုဆံကေသာက ဆံပင်အဓိုဓာတ် လုံလောက်စွာရလို့ပါဆံပင်အစိုဓာတ်လုံလောက်စွာ ရရှိဖို့ပျားရည်က

အပြည့်အဝတာဝန်ယူပါတယ်ဆံပင်ကြမ်းတာ၊ငြိတာသက်သာစေပြီးဆံသား ပျော့ပြောင်းစေပါတယ်မယောနိ နှစ်ဇွန်းမယောနိကဆံပင်ကို တောက်ပကာသန်မာစေပါတယ်ဒါ့အပြင်ဆံပင်ကိုအစိုဓာတ်ပေးပါတယ်သင့်ဆီမှာမယောနိမရှိ

ဘူးဆိုရင်မယောနိအစား ထောပတ်သီးသံလွင်ဆီထောပတ် ဒါမှမဟုတ်အုန်းနို့စတဲ့ ပစ္စည်းတွေကိုအစားထိုးသုံးနိုင်ပါတယ်သံပယိုရည်တစ်ဇွန်းသံပယိုရည်က အုန်းဆီလိုပဲ ဆံပင်အရှည်မြန်စေပါတယ်နဖူးပြောင်သူတွေ၊ဆံပင်ပါးသူတွေနဲ့

သင့်တော်ပါတယ်ဆံပင်ကျွတ်တာကိုသက်သာစေပြီးသံပယိုသီးမှာပါဝင်တဲ့ဗီတာမင်စီက ဆံပင်ထွက်လာစေပါတယ်ဒီပါဝင်ပစ္စည်းအားလုံးကိုကျိတ်စက်ထဲထည့်ပေးရပါမယ်ရေမထည့်ဘဲ ကျိတ်စက်နဲ့ မွှေပေးရပါမယ်အရည်ရလာပြီဆို

ရင်တော့ဒီHair Maskကိုသင့်ဦးရေပြားကစကာဆံပင်အဆုံးထိလိမ်းပေးရပါမယ်ဒီ Mask ကသင့်အင်္ကျီကိုစွန်းနိုင်တာမို့အင်္ကျီအဟောင်းတ်တာဒါမှမဟုတ်ကာပြီးလိမ်းပေးသင့်ပါတယ်လိမ်းပြီးနောက်ဆံပင်ကိုထုံးကာShower Cap နဲ့အုပ်ပေးရပါမယ်

သင့်Shower Capကိုတစ်ကြိမ်မကသုံးနေကျဆိုရင်တော့ Shower Cap အစားကျွတ်ကျွတ်အိတ်ကိုသုံးနိုင်ပါတယ်အုပ်ပြီးနောက်၁နာရီထားပေးရပါမယ်၁နာရီပြည့်တာနဲ့ ခေါင်းလျှော်နိုင်ပါပြီဒီ Mask ကိုတစ်ကြိမ်လုပ်တာနဲ့တင် ဆံသားသိသိသာသာ ပြောင်းလဲလာပါလိမ့်မယ်။