ပူပြင်းလှတဲ့နွေအခါမှာချွေးထွက်လွန်ပြီးမိတ်ဖုယားနာနဲ့အရေပြားမှာအင်ပျဉ်အကွက်များထနေရင်

အရေပြားမှာအင်ပျဉ်ထတာကလူတော်တော်များများကြုံတွေ့ရနိုင်တဲ့အရေပြားပြဿနာတစ်ခုပါအရေပြားအင်ပျဉ်ထတဲ့အခြေအနေချင်းကတစ်ခုနဲ့တစ်ခုမတူညီတတ်ကြပါဘူးဒါပေမယ့်အရေပြားမှာအင်ပျဉ်ထတဲ့အခါယားယံပြီး နေရခက်တာကတော့အသေအချာပါပဲဒီလိုမျိုးအရေပြား

မှာအင်ပျဉ်ထတဲ့အခါဘယ်လိုလေးတွေလုပ်ရင်သက်သာစေမလဲဆိုတာကို ပြောပြပေးပါရစေအရေပြားမှာ အင်ပျဉ်ထတာခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာဖြစ်နိုင်ပါတယ်အရေပြားမှာ အင်ပျဉ်ထတဲ့အခါနီမြန်းတာ၊ယားယံတာတွေကတော့

တွေ့ရများတဲ့အင်ပျဉ်ထတဲ့လက္ခဏာတွေပါအုတ်ဂျုံအုတ်ဂျုံကအရေပြားမှာဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ယားယံမှုတွေကို လျော့ပါးသက်သာစေနိုင်စွမ်းရှိသလို ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့အာနိသင်လည်းရှိပါတယ်ပျားလိုမျိုး
အင်းဆက်ကိုက်ခံရတာကြောင့်အရေပြားမှာအင်ပျဉ်ထတဲ့အခါအုတ်ဂျုံကအသင့်တော်ဆုံးပါအုတ်ဂျုံကို ရေနွေးလေးနဲ့၁၅မိနစ်မိနစ်၂၀စိမ်ပြီးအင်ပျဉ်ပေါ်ကိုလူးပေးရမှာပဲဖြစ်ပါတယ်ရှားစောင်းလက်ပတ်ရှားစောင်းလက်ပပ်က

အရေပြားပြဿနာ တော်တော်များများကိုသက်သာစေနိုင်တယ်ဆိုတာကို တော်တော်များများသိထားပြီးသား ဖြစ်မယ်ထင်ပါတယ်အင်ပျဉ်ထတဲ့အခါမှာလည်းအင်ပျဉ်ဖြစ်နေတဲ့နေရာကိုရှာစောင်းလက်ပပ်အသားနဲ့ပွတ်ပေးလို့ရပါတယ်

ရှားစောင်းလက်ပပ်ကအနာကိုလည်းကျက်စေနိုင်ပါတယ်ပန်းသီးဗီနီကာအရေပြားပြဿနာတော်တော်များများအတွက်ပန်းသီးဗီနီကာကိုသုံးလို့ရပါတယ်ဝက်ခြံထွက်တဲ့အခါမှာလည်း ပန်းသီးဗီနီကာကိုအသုံးပြုပေးလို့ရပါတယ်

ပန်းသီးဗီနီကာကိုဂွမ်းစလေးမှာစွတ်ပြီးအင်ပျဉ်ဖြစ်တဲ့နေရာကိုလူးပေးမယ်ဆိုရင် အင်ပျဉ်ကြောင့်ယားယံတာကိုသက်သာစေမှာသေချာပါတယ်မုန့်ဖုတ်ဆော်ဒါမုန့်ဖုတ်ဆော်ဒါကို အရေပြားပြဿနာ တော်တော်များများအတွက်

အသုံးပြုလို့ရပါတယ်မုန့်ဖုတ်ဆော်ဒါကအရေပြားပြဿနာ ဖြစ်တဲ့နေရာတွေကို ခြောက်သွေ့အောင်လုပ်ဆောင်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်အင်ပျဉ်ထတဲ့နေရာတွေကိုမုန့်ဖုတ်ဆော်ဒါ ရေဖျော်ပြီးလူးပေးပြီး ခြောက်အောင်ထားလိုက်ပါ

ပြီးရင်တော့ ရေဆေးချလိုက်ပါအရေပြားယားယံတာကိုသက်သာစေပါလိမ့်မယ်သံလွင်ဆီသံလွင်ဆီကအရေပြားကိုအစိုဓာတ်ထိန်းပေးသလိုအနာကျက်စေနိုင်တဲ့အပြင်အရေပြားကိုလည်းအသစ် ဖြစ်ပေါ်စေနိုင်ပါတယ်အရေပြား

ကို ချောမွေ့စေပြီးယားယံမှုကို လျော့ပါးသက်သာစေနိုင်ပါတယ်ရေခဲကပ်ပေးပါ ရေခဲကပ်ပေးတာကလည်းအင်ပျဉ်ကို တော်တော်သက်သာစေတဲ့နည်းတစ်ခုပါ။ ရေခဲမရှိခဲ့ရင်လည်း ရေအေးဝတ်ကပ်ပေးလို့ရပါတယ်အအေးဓာတ်က

အရေပြားယားယံတာကို လျော့ပါးသက်သာစေနိုင်ပါတယ်။အုန်းဆီနဲ့လက်ဖက်ဆီ အရေပြားမှာ ပွေးတို့ညှင်းတို့ ပေါက်တဲ့အခါမှာလည်းအရေပြားယားယံတာကို ဖြစ်စေနိုင်ပါတယ်ဒီလိုမျိုးအရေပြား ပြဿနာတွေကြောင့်

အရေပြားနီမြန်းယားယံတာမျိုး ဖြစ်မယ်ဆိုရင်မှိုပိုးတွေကိုသေစေနိုင်စွမ်းရှိတဲ့ လက်ဖက်ဆီတွေနဲ့ အုန်းဆီကိုရောစပ်ပေးပြီး လူးပေးလို့ရပါတယ်တမာရွက်တမာရွက်ကအရေပြားပြဿနာတွေကို တော်တော်လေးကို သက်သာစေနိုင်တဲ့

အာနိသင်ရှိပါတယ်အရေပြားမှာ အင်ပျဉ်ထတဲ့အခါတမာရွက်ကိုကြိတ်ခြေပြီးလူးပေးလို့ရပါတယ်။ ဒါကလည်းအင်ပျဉ်သက်သာစေမယ့်နည်းလမ်းတစ်ခုပါဝက်ခြံဖြစ်တဲ့သူတွေအနေနဲ့လည်းတမာရွက်ကိုကြိတ်ခြေပြီးဝက်ခြံဖြစ်တဲ့

နေရာမှာ လူးပေးလို့ရပါတယ်တမာရွက်ကအရေပြားမှာဓာတ်မတည့်မှုဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးနိုင်တဲ့အာ နိသင်ရှိပါတယ်။ငှက်ပျောခွံအရေပြားအင်ပျဉ်ထတဲ့နေရာတွေကိုငှက်ပျောခွံနဲ့ပွတ်ပေးတာကလည်းအရေပြားပေါ်က

ဓာတ်မတည့်မှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်အရေပြားပြဿနာတွေဖြစ်တဲ့ အရေပြားယားယံတာ၊ နှင်းခူဖြစ်တာနဲ့ဝက်ခြံတွေသက်သာစေဖို့အတွက်လည်းငှက်ပျောခွံနဲ့ပွတ်ပေးလို့ရပါတယ်ရေးသားသူAye Thi Mon (ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူDr.Thurein Hlaing Win)တို့အား လေးစားစွာဖြင့် Credit ပေးပါသည်