မိပ်ကပ်မလိမ်းပဲမျက်နှာအသားရေလှပစေမဲ့ထိုင်းရိုးရာ အသားအရေထိန်းသိမ်းနည်း(၅)မျိုး

ထိုင်းမလေးများ နှစ်ခြိုက်စွာအသုံးပြုနေကြတဲ့ထိုင်းရိုးရာအသားအရေထိန်းသိမ်းနည်း(၅)မျိုးမိန်းကလေးတိုင်းကကြည်လင်လှပတဲ့အသားအရေ၊ပိုးသားလေးလိုလှပတဲ့ဆံကေသာမျိုးကိုလိုချင်ကြပါတယ်မိတ်ကပ်မလိမ်းထား

ရင်တောင်သဘာဝအတိုင်းလှနေဖို့ဆိုရင်အသားအရေထိန်းသိမ်းတာကို နေ့တိုင်းစိတ်ရှည်ရှည်နဲ့လုပ်ပေးသွားဖို့လိုပါတယ်အသားအရေထိန်းသိမ်းနည်းလမ်းတွေအများကြီးရှိတဲ့ထဲကထိုင်းနိုင်ငံကမိန်းကလေးတွေရဲ့ထိုင်းရိုးရာသဘာဝ

အသားအရေထိန်းသိမ်းနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်(၁)နနွင်းမှုန့်မျက်နှာသစ်နနွင်းမှုန့်အနည်းငယ်ကို ရေနည်းနည်းနဲ့ရောပြီးမျက်နှာအနှံ့လိမ်းပြီး လက်ချောင်းထိပ်လေးတွေနဲ့ဖြည်းဖြည်းချင်းပွတ်တိုက်ပေးပါ၁၀မိနစ်
လောက်ကြာရင် ရေအေးနဲ့မျက်နှာသစ်ပေးပါမျက်နှာပေါ်ကအညစ်အကြေးတွေအားလုံးသန့်စင်သွားပြီးမျက်နှာလေးကြည်လင်နေတာကိုတွေ့ရပါလိမ့်မယ်။(၂)မန်ကျည်းသီးနဲ့မျက်နှာကြေးချွတ်နည်းမန်ကျည်းသီးမှည့်အနှစ်ကိုရေနွေး

နည်းနည်းနဲ့စိမ်ထားပြီးမျက်နှာနဲ့ခန္ဓာကိုယ်ကိုပွတ်တိုက်ပေးလိုက်ရင် ကြေးချွတ်ပြီးသားဖြစ်ပြီးအသားအရေကို ဖြူဝင်းသွားစေပါလိမ့်မယ်တခြားscrub တွေလိုအသားအရေအပေါ်လွှာကိုမပျက်စီးစေဘဲ ကြေးတွေကိုလုံးဝ

ပြောင်သွားစေနိုင်တဲ့အစွမ်းရှိတာကြောင့်ကြေးချွတ်ဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုဆိုလည်းမမှားပါဘူးအသားအရောင်မညီတာတွေကို ညှိပေးမယ့်သင်္ဘောသီးသင်္ဘောသီးမှည့်အတွင်းသားတွေကို ကြေညက်နေအောင်ချေပြီးမျက်နှာ

အနှံ့လိမ်းကာမိနစ်၂၀ကြာရင်မျက်နှာသစ်ပေးလိုက်ပါဒါကို နှစ်ရက်ခြားတစ်ခါလောက်လုပ်ပေးမယ်ဆိုရင်အသားအရောင်မညီမညာဖြစ်နေတာကိုညှိပေးနိုင်ပြီး စိုပြည်စေပါလိမ့်မယ်(၄)အုန်းဆီနဲ့အစိုဓာတ်ဖြည့်တယ်မျက်နှာသစ်ပြီးမျက်နှာအနှံ့ကိုအုန်းဆီပါးပါးလေးလိမ်းပြီး

အိပ်ရာဝင်ကာမနက်မှမျက်နှာသစ်ပေးလိုက်ရင်မျက်နှာအစိုဓာတ်ဖြည့်ပေးပြီးအသားခြောက်သွေ့အက်ကွဲတာတွေကိုတားဆီးပေးပါလိမ့်မယ်(၅)အသီးဖျော်ရည်သောက်တယ်အသားအရေထိန်းသိမ်းမှုလုပ်တဲ့အခါအပြင်ပိုင်းပဲskincare လုပ်နေရုံနဲ့ မလုံလောက်ပါဘူး

ခန္ဓာကိုယ်အတွင်းပိုင်းကိုလည်းသန့်စင်ပေးဖို့လိုပါတယ်ခန္ဓာကိုယ်အတွင်းပိုင်းသန့်စင်ဖို့အစားအသောက်ဆင်ခြင်ရပါမယ်အဆီများတဲ့အစားအစာ၊ချိုလွန်းတဲ့အစားအစာ၊အငန်နဲ့အပူအစပ်တွေကို လျှော့စားပြီးအသီးဖျော်ရည်များများ သောက်ပေးသင့်ပါတယ်